ပြန်ဖွင့်ချင်ရင်လည်း ရပါတယ်။ C:\windows\system32\drivers\etc ဆိုတဲ့ Directory ထိသွားလိုက်ပါ။
ပြီးရင် etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ့ ဖွင့်လိုက်ပါ။ 127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ့ ရပါလိမ့်မယ်။
တွေ့ ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့ Website နာမည်လေးကို အစားထိုးပေးရပါမယ်။ ပြီးရင် Notepad
လေးကို save လိုက်ပါ။ ကွန်ပျူတာကို restart ပေးလိုက်ပါ ။
ကဲ..........ဒါပြီးရင်တော့ ခင်ဗျားရဲ့ Windows တက်လာတာနဲ့ ကိုယ်မဖွင့်ချင်တဲ့ Website လေးကို အခုလိုတွေ့ရမှာဖြစ်ပါတယ်။ပြန်ဖွင့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ notepad ဖိုင်မှာ ကူးထည့်ထားတဲ့
စာကြောင်းလေးကို ပြန်ဖျက်၊ file ကို Save ၊Restart ပေးလိုက်ရင်ပြန်ပွင့်သွားပါလိမ့်မယ်။
စာကြောင်းလေးကို ပြန်ဖျက်၊ file ကို Save ၊Restart ပေးလိုက်ရင်ပြန်ပွင့်သွားပါလိမ့်မယ်။
Geek Note: 127.0.0.1 ဆိုတာ IP Address တစ်ခုဖြစ်ပါတယ်။ loop back Address လို့လည်းခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား Command Prompt ကနေ ping 127.0.0.1 ဆိုပြီး ရိုက်ကြည့်လိုက်ပါ။
သေချာတာက Reply from...ဆိုပြီးပြန်လာမှာအသေချာပါပဲ။ 127.0.0.1 ကနေ 127.0.0.10 အထိဟာ
Loopback address ဖြစ်ပါတယ်။ Network Administrator တွေ NIC ကောင်းမကောင်း စစ်ဆေးတဲ့အခါလည်း အသုံးပြုကြပါတယ်။
No comments:
Post a Comment