Pages

Saturday, November 19, 2011

Pishing ဆိုသည်မှာ

Pishing ဆိုတာ အယောင်ဆောင်ပြီးတော့ သူများတွေရဲ့ password တွေ, data တွေကိုခိုးယူဖို့ကြိုးစားတဲ့နည်းပါပဲ။ ဥပမာပြောရရင်တော့ ခင်ဗျားဆီကို
paypal မှ Message တစ်စောင်ရောက်လာတယ်။ ခင်ဗျားရဲ့ username နဲ့  password ကိုပေးဖို့၊ အဲဒီမှာပြောထားမှာက ခင်ဗျားရဲ့ Profile ကို ပိုပြီး
လုံခြုံအောင်၊ ဘာညာပေါ့လေ။ ဒါပေမယ့် Mail ထဲမှာပို့ထားတဲ့လိပ်စာရဲ့ Link ကတော့ paypall ဖြစ်နေတယ်။ အသေချာကြည့်ရင် paypal နဲ့ paypal က
မတူဘူးနော်။ l တစ်ခုပိုနေတာ သတိထားကြည့်ရင် သိနိုင်တယ်။ ဒါပေမယ့် သာမန် user တွေဆိုရင် သတိမထားမိဘဲ အလွယ်တကူပေးမိနိုင်တာပေါ့။
ဒီလိုနဲ့ပဲ ခင်ဗျားဆီက data တွေ၊ အရေးကြီးတဲ့ Password တွေအခိုးခံရနိုင်တာပေါ့။ တစ်ခါက ကျွန်တော်ဆီကို googleserviceadmin@gmail.com
ဆိုလား ဘာလား(သေချာတော့ မမှတ်မိတော့ဘူး) အကောင့်နဲ့ message တစ်စောင်ရောက်လာတယ်။ ရေးထားတာကတော့ password နဲ့ username
ကိုပေးဖို့၊ ရက် 30 အတွင်းမပေးရင် ပိတ်ပစ်မယ်လို့လည်း ဆိုထားတယ်။ ကျွန်တော်လည်း မပေးဖြစ်ပါဘူး။ အခုထိ အကောင့်က ဖွင့်လို့ရနေတုန်းပါပဲ။
အခုထိ အင်တာနက်ကဖေးဆိုင်တွေမှာ တချို့ User တွေ Gtalk သုံးပြီး မပိတ်ဘဲထားကြတာကိုတွေ့နေရပါတယ်။ လူက မရှိတော့ပေမယ့် Gtalk ကြီးက
On ထားလို့။ ကျွန်တော် ကိုယ်တွေ့ပါ။ နောက်ဆိုရင် မြန်မာနိုင်ငံမှာလည်း Online Banking စနစ်တွေပေါ်လာတော့မယ်လေ။ ဒါကြောင့် အခုချိန်က
စပြီး Security ပိုင်းဆိုင်ရာတွေကို အလေးထားကြဖို့ အကြုံပြုလိုပါတယ်။ ကဲ အားလုံးပဲ သတိထားဆင်ခြင်နိုင်ကြပါစေ။ အချိန်ရရင် Pishing ဘယ်လို
လုပ်ရမလဲဆိုတာလေ့လာနိုင်ဖို့ Post တင်ပါအုံးမယ်။

No comments:

Post a Comment