1. Gtalk Entry တွေကို Registry မှာဖျက်နည်း
Gtalk ကိုဝင်ပြီးတဲ့အခါ ဘယ်လောက်ပဲ Sign out တွေဘာတွေလုပ်ထားပါစေ၊ သေချာတာကတော့ ဘယ်သူတွေဝင်သွားလဲဆိုတာ ဝင်ကြည့်နိုင်ပါတယ်။
ဒီလို အကြည့်မခံချင်သူတွေအတွက် Registry ကနေဝင်ပြီး ဖျက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Registry မှာ သိမ်းထားလို့ပါပဲ။ Win+R နှိပ်ပြီး
Run ကနေ regedit ဟုရိုက်ပြီး Registry Editotor ရောက်အောင်သွားပါ။Registry Editotor ရောက်ရင် နောက်ထပ်သွားရမယ့် Path ကတော့
HKEY_CURRENT_USER\Software\Google\Google Talk\Accounts ဖြစ်ပါတယ်။ Accounts ကိုထောက်ရင် ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။
အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ဒါနဲ့မပြီးသေးဘူး။
စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်လေ။ အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ
ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။
Right click>delete နဲ့ဖျက်လိုက်ပါ။
2. Google Talk ကိုအကောင့်နှစ်ခုထက်ပိုပြီးဖွင့်ရန်
ကိုယ်ပိုင် Laptop နဲ့ Gtalk သုံးတဲ့သူတွေအတွက် Account တစ်ခုထက်မကသုံးချင်တဲ့အခါ Gtalk ကို ဒီလို Configure လုပ်ပေးရပါတယ်။ Desktop မှာ
Google Talk ကို Right Click> Properties ခေါ်လိုက်ပါ။ object မှာရှိတဲ့ စာတွေနောက်မှာ / nomutex လို့ ရိုက်ထည့်ပြီး ok ပေးလိုက်ပါ။ ဥပမာ
( "C:\Google Talk Received Files\Google Talk\googletalk.exe" /nomutex ) ဒီလိုပေါ့။
3. Multiple Gmail Inbox
ဒါကတော့ အကောင့်နှစ်ခုကို Browser တစ်ခုတည်းနဲ့ တပြုင်နက် အသုံးပြုနည်းပါ၊ အရင်ဆုံး Gtalk အကောင့်ကို login ကနေ Settings ကိုသွားပါ။
ပြီးရင် Account settings>OK ကိုနှိပ်ပါ၊ ခဏစောင့်ပြီး Google Account ပေါ်လာပါမယ်၊ ပြီးရင် Personal Setting ထဲကနေ Multiple Sign-in ကို
Edit လုပ်ပါ။ Use multiple Google Accounts ကို on နိုပ်ပြီးအချက်များကိုအမှန်ခြစ်လိုက်ခြစ်ပါ။ ပြီးရင်တော့ Save ကိုနှိပ်ပါ။ Your account
information has been updated and save back ဆိုတဲ့စာကြောင်းလေးပေါ်လာပါလိမ့်မယ်။ Back ဆိုတာကိုနှိပ်ပါ၊ ထိပ်ဆုံးမိမိအကောင့်ရဲ့ ဘေးမှာ
Down arrow လေး ပေါ်လာပါလိမ့်မယ် အဲဒါလေးကနှိပ်ပြီး မိမိရဲ့ Gmail များကို Browser တစ်ခုတည်းကနေပြီးတော့ တစ်ပြိုက်နက်ဖွင့်နိုင်ပါပြီ။
4. Gmail Theme
Gmail Theme ဆိုတာကြားဖူးမှာပါ။ မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတတစ်ခုတိုးတာပေါ့။ မိမိရဲ့ Gmail ibox ကိုအရောင်ဆိုးတဲ့နည်းလမ်းပါပဲ၊
Gmail Inbox ထဲကို Login ဝင်ရောက်ပါ။ အထဲကိုရောက်ရင် Settings ဆိုတာကို Click ပါ။ အဲဒီမှာ General,Chat, Buzz ဘာညာဆိုပြီးရှိတဲ့အနက်
Theme ဆိုတာကိုရွေးပါ။ Theme ထဲမှာရွေးစရာအများကြီးရှိတယ်လေ။ ဒီထဲက တစ်ခုကိုရွေးပြီး Apply မဟုတ်ရင် Save လုပ်ပေါ့။ သေချာတာကတော့
ခင်ဗျား Inbox ကတော့ အရင်ကထက်စာရင် ပိုကောင်းသွားမှာပါ။ မိမိစိတ်ကြိုက် ပုံတွေနဲ့လည်း အလှဆင်နိုင်ပါသေးတယ်။ တကယ်လို့ခင်ဗျား အချိန်ပေးနိုင်
မယ်ဆိုရင်ပေါ့။ အင်တာနက်ကော်နေရှင်မကောင်းရင်တော့ ဒါဟာ သိပ်မကောင်းပါ။
No comments:
Post a Comment