Pages

Saturday, November 19, 2011

Gmail အကောင့်ကို ဘယ်သူသုံးသွားသလဲဆိုတာ check ရအောင်

မိမိအကောင့်ကို တစ်ယောက်ယေက်က Password သိပြီး ခိုးသုံးနေတယ်၊ Password ကိုလည်း မပြောင်းသေးဘူး၊ ဒီလိုသံသယဝင်နေရင် check လို့ရတဲ့နည်းတော့ရှိပါတယ်။ အရင်ဆုံး မိမိနောက်ဆုံး
 login ဝင်ခဲ့တဲ့ Date ပြန်သတိရလိုက်ပါ။ မမှတ်မိဘူးဆိုရင်လည်း အနီးဆုံးလပေါ့။ တကယ်လို့ ခင်ဗျားက
Gmail inbox ထဲကို Login မလုပ်တာကြာခဲ့ပြီ ဆိုပါစို့။ အရင်ဆုံး ခင်ဗျား အကောင့်ထဲ Login ဝင်ထားပါ။ Inbox ရဲ့အောက်ဆုံးမှာ Last Activity ဆိုတာရှိပါတယ်။ အဲဒီမှာ 5 days ago ဆိုပြီးတစ်ခုခုပြပါလိမ့်မယ်။
 ကိုယ်နောက်ဆုံးဝင်ခဲ့တဲ့ Date နဲ့ ချိန်ကြည့်ပေါ့။
  Detail ကိုကလစ်ပြီး မိမိဝင်ခဲ့တဲ့ Login date တွေကို တန်းစီပြီး ပြန်ကြည့်နိုင်ပါတယ်။ တကယ်လို့ မိမိအကောင့်ကို လူတစ်ယောက်ယောက်သုံးနေတယ်လို့ သံသယဝင်နေရင် အကောင့်
 password ကိုတစ်ခါတည်းပြောင်းပစ်လိုက်ဖို့ သတိပေးလိုက်ပါတယ်။ Password ကိုလွယ်ကူတဲ့ စာလုံးတွေမပေးပါနဲ့။ မေ့နေခဲ့ရင် ပြန် Recovery လုပ်လို့ရအောင် မိမိအကောင့်ရဲ့  Secondry Email
 ကိုသိထားပါ။ Security Question ကိုလည်း မှတ်ထားပါ။ ဒါဆိုရင် နောင် တချိန်မှာ Password ကို
 Reset လုပ်ဖို့လိုအပ်ရင် အသုံးဝင်ပါလိမ့်မယ်။ Gmail password ကိုဘယ်လို Recovery လုပ်ရမလဲဆိုတာ Post ပြန်တင်ပါအုံးမယ်။

No comments:

Post a Comment